အာဆီယံ-ပရီတိုးရီးယားကော်မတီ လစဉ်ပုံမှန်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၃၁-၇-၂၀၂၃ ရက်)
တောင်အာဖရိကနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံ-ပရီတိုးရီးယားကော်မတီ (ASEAN Pretoria Committee-APC) လစဉ်ပုံမှန်အစည်းအဝေးအား ကော်မတီဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီးက ဦးစီး၍ ၃၁-၇-၂၀၂၃ ရက်၊ နံနက် ၀၉၃၀ မှ ၁၁၃၀ နာရီအထိ ထိုင်းနိုင်ငံသံရုံးတွင် ကျင်းပခဲ့ရာ အာဆီယံနိုင်ငံ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီးဦးမြင့်ဆွေ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကအစိုးရ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် သံတမန်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လတာ ကာလအတွင်း ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား သံရုံးအကြီးအကဲများက ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံသံအမတ်ကြီးက ဦးစီး၍ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသံအမတ်ကြီးအား နေ့လယ်စာဖြင့် ကြိုဆိုတည်ခင်းဧည့်ခံခဲ့ရာ အာဆီယံ-ပရီတိုးရီးယားကော်မတီ၏ သံရုံးအကြီးအကဲများ၊ တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် Ambassador Zodwa Lallie နှင့် Asia & Middle East ဌာနခွဲမှ Chief Director Ms. Sindiswa Mququ တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
တောင်အာဖရိကနိုင်ငံ နှင့် အာဖရိကဒေသအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာအချက်အလက်များကို ဖြည့်သွင်းပေးနိုင်ရေး မေတ္တာရပ်ခံအပ်ပါသည်။
"အဂတိလိုက်စားမှု" နှင့်ပတ်သက်၍ အောက်ဖော်ပြပါ email သို့ အသိပေး တိုင်ကြားနိုင်ပါသည်။
myanmarembassy.pretoria@gmail.com
"၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ လေ့လာရန်"
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, PRETORIA.


