အာဆီယံ-ပရီတိုးရီးယားကော်မတီ လစဉ်ပုံမှန်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၄-၇-၂၀၂၃ ရက်)

(၄-၇-၂၀၂၃ ရက်၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံ-ပရီတိုးရီးယားကော်မတီ (ASEAN Pretoria Committee-APC) လစဉ် ပုံမှန်အစည်းအဝေးအား ကော်မတီဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးက ဦးစီး၍ ၃-၇-၂၀၂၃ ရက်၊ (၀၉၀၀) နာရီမှ (၁၁၀၀) နာရီအထိ ဖိလစ်ပိုင်သံရုံးတွင် ကျင်းပခဲ့ရာ အာဆီယံနိုင်ငံ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေ လည်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကအစိုးရ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သံတမန်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား သံရုံးအကြီးအကဲများက ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အစည်းအဝေးအပြီးတွင် ကော်မတီ၏ ၂၀၂၃ ခုနှစ်၊ ဒုတိယ (၆) လတာကာလ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးမှ ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်းနှင့် ဖိလစ်ပိုင်သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ သံရုံးအကြီးအကဲများနှင့် လုပ်ငန်းအဖွဲ့ ကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

တောင်အာဖရိကနိုင်ငံ နှင့် အာဖရိကဒေသအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာအချက်အလက်များကို ဖြည့်သွင်းပေးနိုင်ရေး မေတ္တာရပ်ခံအပ်ပါသည်။

"အဂတိလိုက်စားမှု" နှင့်ပတ်သက်၍ အောက်ဖော်ပြပါ email သို့ အသိပေး တိုင်ကြားနိုင်ပါသည်။
myanmarembassy.pretoria@gmail.com

"၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ လေ့လာရန်"

https://2020election.uec.gov.mm

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, PRETORIA.