မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့၊ သံရုံးယာယီတာဝန်ခံက အာဆီယံ-ပရီတိုးရီးယားကော်မတီ အလှည့်ကျဥက္ကဌအဖြစ် တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေး ကျင်းပ ၍ အာဆီယံ – ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌရာထူးကို စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း

(၆-၁-၂၀၂၆ ရက်နေ့၊ ပရီတိုးရီးယားမြို့)

အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းသည် အာဆီယံ – ပရီတိုးရီးယား ကော်မတီ၏ တတိယအကြိမ်မြောက် သံအမတ်ကြီးအဆင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လည် ၁၁ ၄၅ နာရီအချိန်တွင် ပရီတိုးရီးယားမြို့၊ Time Square, Menlyn ရှိ Shun De Restaurant ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပရီတိုးရီးယားမြို့ရှိ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ် စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာသံရုံးမှ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ ဒုတိယနှစ်ဝက် ကာလအတွင်း အာဆီယံ – ပရီတိုးရီးယားကော်မတီ၏ ဆောင်ရွက်မှုများ၊ တောင်အာဖရိက နိုင်ငံအစိုးရဌာနများ အပါအဝင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုအခြေအနေ များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၆ ခုနှစ်၊ ပထမ (၆) လတာကာလအတွက် အာဆီယံ-ပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌရာထူးအား စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

အစည်းအဝေးအပြီး သံရုံးယာယီတာဝန်ခံ ဦးသိန်းမင်းထွန်းမှ အစည်းအဝေးတက်ရောက် လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

တောင်အာဖရိကနိုင်ငံ နှင့် အာဖရိကဒေသအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အတွက် လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာအချက်အလက်များကို ဖြည့်သွင်းပေးနိုင်ရေး မေတ္တာရပ်ခံအပ်ပါသည်။

"အဂတိလိုက်စားမှု" နှင့်ပတ်သက်၍ အောက်ဖော်ပြပါ email သို့ အသိပေး တိုင်ကြားနိုင်ပါသည်။
myanmarembassy.pretoria@gmail.com

"၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ လေ့လာရန်"

https://2020election.uec.gov.mm

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, PRETORIA.